မိသားစု အိမ်ပြန်ခရီး (ဦးဟန်အေး + မ၀င်းမြင့်သန်း)
ဦးဟန်အေး ကျောက်ကပ်ရောဂါ စတင်ခံစားလာရသည်မှာ ပြီးခဲ့သည့် (၂) နှစ်ကျော်ခန့်ကဖြစ်ပါသည်။ စဖြစ်ကတည်းက ဆေးနှင့် ထိန်းခဲ့ပါ၏။ မထိန်းနိုင်တဲ့ အခြေရောက်တော့ ကျောက်ကပ်ဆေးရတော့တာပါပဲ။ ကျောက်ကပ်ဆေးလာခဲ့တာ ၆ လခန့်ကြာပြီးမှ ၁၁-၁၂-၁၅ နေ့ အိန္ဒိယသို့ ရောက်လာခဲ့တာပါ။ အိန္ဒိယ အပိုလိုဆေးရုံကြီးမှာ ရောက်ရောက်ချင်း လိုအပ်တာတွေ အကုန်စစ်ဆေးရပါတယ်။ စစ်ဆေးလို့ အားလုံးအပြီးလည်းတိုင်ရော၊ နောက်ထပ် ပြတ်ဿနာတစ်ခု ကြုံလာပြန်တယ်။ ကျောက်ကပ် အလှူ့ရှင်မှာ သွေးတိုးရှိနေတဲ့အတွက် ဆရာဝန်က လက်မခံတာပါ။ ပိုက်ဆံတွေလည်း အတော်လည်း ကုန်ပြီးပြီ၊ အခုမှ ဒိုနာကို Reject အလုပ်ခံရတော့ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဖြစ်သွားပါသေးတယ်။ နောက်ထပ် ဒိုနာ ရှာဖို့ ဆိုတာကလည်း သိပ်မလွယ်ကူလှ။ ဒါနှင့်ပဲ ကျမ ကိုယ်တိုင် လှူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျမနှင့် ကိုဟန်အေး အိမ်ထောင်ကျသည်မှာ ၁၅ နှစ်ရှိပါပြီ။ ကလေး ၂ ယောက်ရှိတယ်။ သူတို့ကတော့ ကျောက်ကပ်လှူဖို့ မဖြစ်နိုင်ဘူး။ ဒါနှင့် ကျမကိုယ်တိုင်ကို စစ်ဆေးရပါတယ်။ အဲသည်မှာ-
- ကိုဟန်အေးနှင့် သွေးအမျိုးအစားများ အားလုံး တူညီနေတာရယ်၊
- ဗုဒ္ဓတရားတော်အရ အခုလိုစွန့်စား၊ စွန့်လွှတ်ပေးလှူခြင်းဟာ ဇီဝိတဒါန၊ အင်္ဂပရိစာဂဖြစ်တယ် ဆိုတဲ့အချက်ကို သဘောကျခံယူဖြစ်ရတာရယ်ကြောင်းပဲ ကျမကိုယ်တိုင် ရက်ရောစွာ လှူဖြစ်သွားတာပါ။
အနောက်ဘင်္ဂလားပြည်နယ်၊ အစိုးရရဲ့ ကျောက်ကပ်အစားထိုး ကုသဖို့ တရားဝင်ခွင့်ပြုမိန့် ရတယ်ဆိုရင်ပဲ ကျမတို့ ဆေးရုံတက်ပြီး ၂၇-၁-၁၆ နေ့ ဆေးရုံတက်ရပါတယ်။ ဆေးရုံတက်ပြီးနောက် ၂ ရက်မြောက်မှာပဲ ကျောက်ကပ်အစားထိုးကုသမှု ကြီး လုပ်ဖြစ်ခဲ့တာပါ။ ရတနာသုံးပါး မိဘဆရာသမားတို့ရဲ့ ကြီးမားတဲ့ မေတ္တာစွမ်းအင်နဲ့  မိမိတို့ကိုယ်တိုင်ရဲ့ ကုသိုလ်တွေကြောင့်ပေါ့လေ အားလုံး ထင်တာလောက်မခက်ပဲ အဆင်ပြေခဲ့ပါတယ်။ လူနာရော၊ အလှူ့ရှင်ကျွန်မပါ အခြေနေတွေက တနေ့တခြား ပို့ပိုကောင်းလာခဲ့တာပါ။ ကျောက်ကပ်လဲပြီး ၃ ပတ်အကြာ ဒီနေ့မှာတော့ ကျမတို့ ၀မ်းသာစွာဖြင့် အိမ်ပြန်နိုင်ခဲ့ပါပြီ။ ကာလကတ္တား လေဆိပ်ကြီးနဲ့ တခေါ်လောက်သာဝေးတဲ့ နေရာကောင်းမှာ ရွာဦးကျောင်းတစ်ခုလို အထီးတည်တည်ရှိတဲ့ ဗောဓိသုခစာသင်ကျောင်းနှင့် ပရဟိတကျောင်းဝင်းကြီးထဲမှာ ကျွန်မတို့တွေ နှစ်လနှင့် ၂၂ ရက်တိုင်တိုင် အေးချမ်းပျော်ရွှင်စွာပဲ နေခဲ့ကြတာပါ။ ဒီနေ့မှာတော့ (၄-၃-၁၆ နေ့) ကျမတို့ ဇနီးမောင်နှံ ပျော်ရွှင် ၀မ်းမြောက်စွာ အိမ်ပြန်နိုင်ခဲ့ပါပြီ။ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဒေါက်တာ နန္ဒောဘာသမှသည် ကျောင်းသားလေးတွေအထိ၊ ကျောင်းရှိသံဃာတော်ကြီး၊ ငယ်များနှင့် ကျောင်းသားများအားလုံးကို အမှတ်တရ ကျေးဇူးတင်နေမှာပါ။ အလားတူ တာဝန်ယူကုသပေးတဲ့ ဆရာဝန်ကြီးနှင့် ဆေးရုံဝန်ထမ်းများ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်လျှက်
မ၀င်းမြင့်သန်း
