Uncategorized | Posted By Mahabodhigaya |
Tuesday, August 20, 2013 at 4:13 pm |
သာသနာ့မြေရေစက်ချပွဲ MRTV 4 သတင်း
အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီ၍ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ (၃၂၄၀၀) စတုရန်းပေကျယ်ဝန်းသော ကျောင်းဝိုင်းမြေကြီးကို သာသနာ့ဝတ္တကမြေအဖြစ် ၀ယ်ယူပြီးစီးပြီးဖြစ်ပါသည်။ ဤထူးခြားမွန်မြတ်လှသော သာသနိက၀တ္ထုကံ မြေကြီးအလှူရေစက်ချပွဲတော်နှင့် မြေသန့်မင်္ဂလာ အခမ်းအနား ပွဲတော်ကို (၇-၁၂- ၂၀၁၂) နေ့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ပြည်တွင်းပြည်ပ သာသနာပြု ကမ္ဘာကျော် ဓမ္မကထိက သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဥာဏိဿရ မထေရ်မြတ်မှ သာသနာတော်၌ ကျောင်းများ ဖြစ်ပေါ်လာခြင်းအကြောင်း တရားတော်ကို ချီးမြှောက်သွားပါသည်။
