Uncategorized | Posted By Mahabodhigaya |
Tuesday, February 23, 2016 at 11:00 pm |
ကျေးလက်ဒေသနှင့် အမျိုးသမီးများ တိုးတက်သာယာရေး
အမျိုးသမီးများ ခေတ်နှင့်တပြေးအညီ တိုးတက်ရေးသည် လူဘောင် ဖွံ့ဖြိုးရေးအတွက် အဓိက အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။ ဗောဓိသုခပရဟိတကျောင်းတိုက်အနေဖြင့် အမျိုးသမီးများ တိုးတက်သာယာရေးအစီအစဉ်ကို ၂၀၀၉ ခုနှစ်မှ စတင်ကာ အကောင်အထည် ဖော်လျက် ရှိရာ ယခုအခါ အမျိုးသမီးအဖွဲ့ဝင် ၄၀၀၀ ကျော်ထိ ရှိလာပြီဖြစ်သည်။ ၄င်းအမျိုးသမီးများ ၀င်ငွေကျောင်းပြီး တိုးတက်လာသည်နှင့်အမျှ သားသမီးများအား အလုပ်ခွင်သို့ မစေလွှတ်ရတော့ပဲ ကျောင်းသို့ အချိန်မှန်ပို့လာနိုင်သည်။ နေမကောင်းထိုင်မကောင်းဖြစ်လာလျှင်လည်း ဆေးရုံဆေးခန်းတို့သို့ လျှင်မြန်စွာပို့ဆောင်ကာ ဆေးဝါးကုသလာနိုင်သည်။
