ဦးထွန်းဦး၊ ဒေါ်ဥမ္မာကျော်၊ သားမောင်မြတ်ထက် မိသားစု အခန်းတစ်ခန်း လှူ ဒါန်း

07-12-2016

နှစ်ဖက်သော မိဘများအား အမှူးထား၍ ဦးထွန်းဦး၊ ဒေါ်ဥမ္မာကျော်၊ သားမောင်မြတ်ထက် (တိုက် ၄၃၊ ခရေပင်ရိပ်မွန် (၁)၊ မီးရထားကွက်သစ်လမ်း၊ မင်္ဂလာဒုံ၊ ရန်ကုန်) မိသားစုမှ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးတည်ထောင်လျက်ရှိသော ဗုဒ္ဓဂယာ မြေမြတ်မဟာရှိ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်၊ ဆောက်လုပ်ဆဲ ဗောဓိရုက္ခ မူလငါးထပ်ကျောင်းဆောင်တော်ကြီး၌ အခန်းတစ်ခန်းဖိုး ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၇၀၀၀ ( ခုနှစ်ထောင်တိတိ) ကို 07/12/2016 နေ့ ပါဝင်လှူဒါန်းပါသဖြင့် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုအပ်ပါသည်။
မေတ္တာဖြင့်-
ဆရာတော်