Uncategorized | Posted By Mahabodhigaya |
Wednesday, September 11, 2013 at 4:04 pm |
ပထမအကြိမ် မဟာဗောဓိပရဟိတကျောင်း ကထိန်သင်္ကန်း ဆက်ကပ်လှူ ဒါန်း
မြန်မာနိုင်ငံ၊ မန္တလေးမြို့ သုဇာဂ၀တီ ဘုရားဖူးအဖွဲ့မှ ကြီးမှူး၍ ၉-၁၁-၂၀၁၃ နေ့ ဆရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးတည်ထောင်လျက် ရှိသော မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်၌ ပထမအကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူ ဒါန်းသည်။ ၄င်း ကထိန်ပွဲသို့ အိန္ဒိယနိုင်ငံရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြောက်ကြသည်။ ပင့်သံဃာ အပါး ၅၀ ခန့်အား ကထိန်သင်္ကန်း တစ်စုံစီ အပြင် န၀ကမ္မ၀တ္ထုငွေ အမေရိကန် ဒေါ်လာ ၁၀၀ စီ လှူ ဒါန်း ပူဇော်သည်။ အားလုံး ဒါယကာ ဒါယိကာမများ သာဓု ခေါ်နိုင်ကြပါစေ။
