ရှေးမူမပျက် ပြန်လည်တည်ဆောက်မည့် ဘာမီးယန် ဗုဒ္ဓရုပ်ပွါးတော်ကြီးများရဲ့ အနာဂါတ်ကြမ္မာ
သည်ဓါတ်ပုံတွေကတော့ – အာဖဂနစ္စတန် တောပိုင်းမြင်ကွင်းတွေ၊ ပြီးတော့ တာလီဘန်တွေရဲ့ ဘာသာရေးအယူသည်းမှု၊ ဘာသာရေးအရ ဆတ်ဆတ်ထိမခံမှုတွေရဲ့ သင်္ကေတဖြစ်တဲ့ အာဖဂန်ရဲ့ ဘာမီးယန်ဒေသက (၂၀၀၀ ပြည့်၊ ဇန္န၀ါရီမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့) ဧရာမ ရှေးဟောင်း ရပ်တော်မူ ဗုဒ္ဓရုပ်ပွါးတော်ကြီး နှစ်ဆူ ကိန်းဝပ်တော်မူခဲ့တဲ့ ကျောက်တောင်ခေါင်းကြီး တွေပဲဖြစ်ပါတယ်။ အဲသလို ဖောက်ခွဲဖျက်ဆီးခံလိုက်ရတာဟာ အခုဆိုရင် (၁၃) နှစ်တောင် ကြာခဲ့ပါပြီ။ အဲဒီဗုဒ္ဓရုပ်ပွါးတော်ကြီးတွေရဲ့ အနာဂါတ်ကြမ္မာ ဘယ်လိုနေဦးမလည်း၊ အခုအချိန်မှာတော့ ကမ္ဘာကြီးဟာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုအသစ်တွေ၊ မရေမရာ ဇဝေဇ၀ါဖြစ်ရမှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။
– တစ်ချိန်တုန်းက ဗုဒ္ဓရုပ်ပွါးတော်ကြီးတွေ ကိန်းဝပ်တည်ရှိခဲ့တဲ့ ကျောက်တောင်စောင်းကြီးရဲ့ အခေါင်းပေါက်တွေကို သည်အတိုင်းပဲ အခွံသက်သက်ထားရစ်ကြမှာလား၊
– ဒါမှမဟုတ် အဲသည်ရုပ်ပွါးတော်ကြီးတွေရဲ့ ရုပ်ကြွင်းဖြစ်တဲ့ မူလအပျက်အစီး အပိုင်းအစတွေနဲ့ ရုပ်ပွါးတော် အသစ်တွေကို ပြန်လည်တည်ဆောက်ပြီး ပူဇော်ကြမှာလား၊
– အဲသည် ရုပ်ပွါးတော်ကြီးတွေရဲ့ ပုံတူကို ကူးယူပြီး (တခြားတစ်နေရာဆီမှာသွား) တည်ဆောက်ကြမလား ဆိုပြီး မဝေခွဲ၊ မဆုံးဖြတ်နိုင်ဖြစ်နေကြတာပါ။
အခုနှစ်ပိုင်းကာလတွေမှာ မကြာခဏဆိုသလို ဖြစ်လာတာကတော့ အာဖဂနစ္စတန်နဲ့  သူ့ ကိုထောက်ခံတဲ့ အနောက်အုပ်စု နိုင်ငံတွေကြားမှာ အမြင်၊ အယူ သဘောထားတွေဟာ စိတ်လှုပ်ရှားဖွယ်ကောင်းအောင်ပဲ ကွဲလွဲနေကြတာဖြစ်ပါတယ်။ ဘယ်ပုံစံနဲ့ ပဲ တည်ဆောက် တည်ဆောက် ငွေကြေးထည့်ဝင်ကျခံပေးမည့် အလှူ့ ရှင်နိုင်ငံအများစုရဲ့ အပြောကတော့ – ဘုရားနေရာကို နဂိုမူလ အပျက်အစီးအတိုင်းပဲ ထားဦးမယ်၊ အနည်းဆုံး (နိုင်ငံရေးအရ လုံခြုံစိတ်ချရမှု မရှိသေးတဲ့) အခု လက်ရှိအချိန်အထိ ဆက်ထားဦးမယ်ဆိုပါတယ်။ အာဖဂန်အစိုးရကတော့ အနည်းဆုံး ရုပ်ပွါးတော်တစ်ဆူ (လောလောဆည်မှာတင်) တည်ဆောက်ဖို့ လိုလားနေပါတယ်။ ဘုရားပြန်လည် တည်ဆောက်ရင် ဖောက်ခွဲဖျက်ဆီးမည့် အနေအထားမှာ ရှိနေဆဲပဲဆိုတဲ့ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုအပေါ်မှာ သာဓကဆောင်နိုင်တဲ့ အောင်နိုင်မှုတစ်ရပ်ကို အစိုးရက ပြသချင်နေတာဖြစ်ပါတယ်။
မူလရုပ်ပွါးတော်ကြီးများမှ ကြွင်းကျန်ရစ်သည့် အပိုင်းအစအချို့မှာ ပြန်လည်တည်ဆောက်ရာတွင် သုံးရအောင် မလုံလောက်နိုင်သဖြင့် အသစ်ထုတ်လုပ်-ထုဆစ်ရမည့် ကျောက်သားများက မူလ-အပိုင်းအစများထက် ပိုများရမည့်အခြေနေတွင် အမှန်တကယ် သမိုင်းရုပ်ကြွင်းဟု မဆိုနိုင်တော့မည်ကိုလည်း ပြန်လည်တည်ဆောက်ရေး – ရံပုံငွေ စုဆောင်းနေကြသူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလေးပေး ဆောင်ရွက်နေတဲ့ မူသဘောတရားကတော့ တည်ငြိမ်မှု (စိတ်ချရဖွယ်) မရှိတဲ့ အထင်ကရ -ကမ္ဘာ့အမွေ -သင်္ကေတကြီးတွေ တည်ငြိမ်ခြေရှိလာစေရေးပါပဲ တဲ့။ ကုလသမဂ္ဂ ယဉ်ကျေးမှုနဲ့ သိပ္ပံနည်းပညာဆိုင်ရာ အဖွဲ့ ကြီး ယူနက်စကို အရာရှိ Brandan Cassar ရဲ့ အပြောဖြစ်ပါတယ်။ တစ်ကနေ ကိုးရောက်တဲ့အထိ တစ်ဆင့်ချင်း တစ်လှမ်းချင်းသွားတဲ့အခါ အလေးအနက်ထားပြီးတော့သာ မလုပ်ခဲ့ဘူးဆိုရင်တော့် ကောင်းကောင်းမွန်မွန်ပြည်လည် တည်ဆောက်ရေးဆိုတာဟာ နေရာလွဲဖြစ်မှာပါပဲ။ အနောက်ဖက်က ဂူရဲ့ အခေါင်းလေးတွေ အဆင့်လေးတွေပေါ်ကို ကျောက်တုံး၊ ကျောက်ခဲတွေဟာ ပုံမှန်ကျဆင်းလာနေတာဟာ အန္တရယ်ရှိတဲ့ အနေအထားနဲ့  ပြိုကျနေတာဖြစ်ပါတယ်။ ဒါတွေဟာ ရှေးဟောင်းရုပ်ပွါးတော်ကြီးတွေကို ဖြိုဖျက်တဲ့အခါ တာလီဘန်တွေဟာ ဘယ်လောက်အထိ အားပြင်းလှတဲ့ အမြောက်လက်နက်ကြီးတွေ သုံးခဲ့တယ် ဆိုတဲ့ သမိုင်းအထောက်အထား တစိတ်တပိုင်းလည်းပဲဖြစ်ပါတယ်ဟု သူကဆက်ပြောပါတယ်။ အခြေခံလုပ်ငန်း ရေတိုပိုင်းတွင်ပင် အလှူ့ရှင်တွေဆီက ထည့်ဝင်စုဆောင်းရမယ့် ရံပုံငွေပမာဏဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ခုနှစ်သိန်းရှိပါတယ်ဟု Cassar က ဆိုပါတယ်။ (ကျွန်တော်တို့ ယူနက်စကိုအဖွဲ့ ကြီးရဲ့ အနေအထားကတော့ မြင်းရှေ့ ကို လှည်းက ပိုရောက် (နွားရှေ့ ထွန်ကျူး) ဖြစ်နေတဲ့ ပုံပေါ်နေတာပါ။ (ဒါ့ကြောင့်) အနာဂါတ်မျိုးဆက်သစ်တွေအတွက် အခွင့်လမ်းတွေ အားလုံးကို ဖွင့်ပေး(ကာကွယ်) ဖို့ လိုအပ်ပါတယ်ဟုပင် သူက ဆိုပါတယ်။ ပါမောက္ခ Petzet ရဲ့  ပြောပုံကတော့ ဗုဒ္ဓရုပ်ပွါးတော်ကြီးတွေ ပြန်လည်တည်ဆောက်ရေး အရင်တုန်းက ကြိုးစားခဲ့ကြတဲ့  ဆောက်လုပ်ရေး ပုံစံတွေအတိုင်းပဲ ဖြစ်မှာပါ။ မပြောင်းလဲပါဘူး။ (အဲဒါက ဘာလဲဆိုတော့) အီတလီနိုင်ငံ Assisi ဒေသထဲမှာ မြေငလျင်ကြီးလှုပ်ခဲ့လို့ ပျက်ပြိုခဲ့ရတဲ့ မှန်စီ၊ ကျောက်စီတွေကို ပြန်လည် ပြင်ဆင်ခဲ့တဲ့ ပုံစံ..ဒါမှမဟုတ် ရောမဟန် အစိတ်အပိုင်းတွေကို စုဆောင်းဖို့ ကြိုးပမ်းမှုပဲဖြစ်ပါတယ်) ဟု ရှေးဟောင်း သုတေသနပညာရှင်တချို့ က တခြားသော အစီစဉ် (ပရိုဂျက်) အပေါ် ဝေဖန်ခဲ့ကြပါတယ်။
အသျှင်အရိယ၀ံသ (နာလန္ဒာ)
Ref: NYT NEWS SERVICE , The Times of India, Times Global , Monday, March 24,2014
